တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ ညလွှတ်မီးပုံးပျံများ ဆက်လက်ယှဉ်ပြိုင်
One News
Nov 17, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပနေတဲ့ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းမှာ ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံတွေ ဆက်လက်လွှတ်တင် ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်၊ ညပိုင်းမှာ ညမီးကြီး မီးပုံးပျံတွေဖြစ်တဲ့ ဆန္ဒမွန်မီး၊ မွေတော်မီး၊ ကဝိမီး၊ ရာစုမီး၊ ပွဲစားငယ်မီး၊ ရွာလယ်မီး နဲ့ ချင်းတွင်းမီး တို့အပြင် စိန်နားပန် မီးပုံးပျံတွေ ဖြစ်တဲ့ HAYA မီး နဲ့ ဆန္ဒမွန်မီး စုစုပေါင်း ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံ စုစုပေါင်း ၉ လုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းကလည်း နေ့လွှတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စု မီးပုံးပျံ ပြိုင်ပွဲဝင် အဖွဲ့တွေလည်း ဆက်လက်လွှတ်တင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်လည်ပတ်သူတွေဟာ များပြားတဲ့ အတွက် ညစဉ် လူတိုးမပေါက်အောင် စည်ကားနေတယ်လို့ ဒေသခံတွေ နဲ့ ပွဲတော်ကို ရောက်ရှိနေသူတွေကလည်း ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်ကနေ ၂၄ ရက်အထိ တောင်ကြီး မြို့၊ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပနေတာ ဖြစ်ပြီး ဆုပေးပွဲ နဲ့ ပိတ်ပွဲကို နိုဝင်ဘာလ ၂၅ ရက် မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။အခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ နေ့လွှတ်အရုပ် မီးပုံးပျံ ၄၄၉ လုံး နဲ့ ညလွှတ် မီးပုံးပျံ ၁၁၂ လုံး စုစုပေါင်း ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဟာဘင်းရေခဲနှင့်နှင်းကမ္ဘာပွဲတော်၌ အထူးဖိတ်ကြားခံနိုင်ငံအဖြစ် မြန်မာ ပါဝင်မည်
One News
Nov 17, 2026 12(၂၈)ကြိမ်မြောက် ဟာဘင်းရေခဲနှင့်နှင်းကမ္ဘာပွဲတော်မှာ မြန်မာနိုင်ငံဟာ အထူးဖိတ်ကြားခံနိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်သွားမယ်လို့ ဟာဘင်းမြို့ ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာကျင်းပတဲ့ ဆောင်းရေခဲနှင့်နွေအလှတို့ စုဝေးရာ မြို့တော်ဟာဘင်းခရီးသွားလာရေးမိတ်ဆက်ပွဲအခမ်းအနားမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။